Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CDM တပ်မတော်သားများနှင့် နိုင်ငံရေးဒုက္ခသည် များကို နေရပ်ပြန်ပို့သည့်လုပ်ရပ်အား ချက်ခြင်းရပ်တန့်ပေးရန် မလေးရှားဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာပေးပို့

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုအား မျက်ကွယ်ပြုသည့် မလေးရှားအစိုးရ၏ လုပ်ရပ် အပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ပေးစာ၌ ဖော်ပြသည်။

CDM တပ်မတော်သားများနှင့် နိုင်ငံရေးဒုက္ခသည် များကို နေရပ်ပြန်ပို့သည့်လုပ်ရပ်အား ချက်ခြင်းရပ်တန့်ပေးရန် မလေးရှားဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာပေးပို့
CDM တပ်မတော်သားများနှင့် နိုင်ငံရေးဒုက္ခသည် များကို နေရပ်ပြန်ပို့သည့်လုပ်ရပ်အား ချက်ခြင်းရပ်တန့်ပေးရန် မလေးရှားဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာပေးပို့

CDM တပ်မတော်သားများအပါအဝင် နိုင်ငံရေးဒုက္ခသည်များကို နေရပ်ပြန်ပို့သည့် လုပ်ရပ်အား ချက်ခြင်းရပ်တန့်ပေးရန် CDM တပ်မတော်သားများ အဖွဲ့အစည်းလေးခုက မလေးရှားဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

မလေးရှားတွင် ရှောင်တိမ်းနေထိုင်လျက်ရှိသည့် UNHCR တွင် နိုင်ငံရေးခိုလှုံခွင့် တောင်ခံထားဆဲ CDM ရေတပ်အရာရှိ (၆)ဦးကို မလေးရှားအစိုးရက စစ်ကောင်စီလက်သို့ အောက်တိုဘာ ၆ ရက် တွင် အတင်းအကျပ် ပြန်လည်လွှဲပြောင်းပို့ခဲ့သည့်အပေါ် CDM တပ်မတော်သားများအဖွဲ့အစည်းများဖြစ်သည့် ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း၊ ပြည်သူ့စစ်သားဇနီးများ၊ Breaking Brainsashed တို့က မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုအား မျက်ကွယ်ပြုသည့် မလေးရှားအစိုးရ၏ လုပ်ရပ် အပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ပေးစာ၌ ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်ခေါင်းဆောင်များသည် ပြည်သူလူထုအပေါ် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ၊ ဆိုးရွားသည့် လူ့အခွင့်အရေးများ ချိုးဖောက်ခြင်းများ နှင့် ကြောက်မက်ဖွယ် စစ်ရာဇဝတ်မှုများအား နိုင်ငံအနှံ့ကျူးလွန်လျက်ရှိပြီး ယင်းလုပ်ရပ်များကို လက်မခံကြသည့် ပြည်သူ့စစ်သားကောင်းများသည် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်(Defected)ကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

ထိုသို့ CDM ပါဝင်ခဲ့ကြသည့် တပ်မတော်သားကောင်းများသည် စစ်ကောင်စီရန်မှ ရှောင်တိမ်းနိုင်ရန်အတွက် ဒေသတွင်းနိုင်ငံများတွင် နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်နေထိုင်ရကြောင်းလည်း ပေးစာ၌ ဖော်ပြ သည်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်သူ့ဘက် ကူးပြောင်းရပ်တည်ပြီး CDMလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် တပ်မတော်သားဟောင်းများသည် စစ်ကောင်စီလက်သို့ ပြန်လည်ရောက်ရှိပါက စစ်ဘက်ဥပဒေများဖြင့် အရေးယူခံရပြီး ကြီးမားသည့်ပြစ်ဒဏ်များ ချမှတ်ခံရမည့် အခြေအနေများဖြင့် မလွှဲမသွေ တွေ့ကြုံရင်ဆိုင်ရမည်ဟု ဆက်လက်ဖော်ပြ သည်။

Facebook

You May Also Like

သတင်း

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားမှာ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) မိုးဗြဲဆည် ရေထိန်းတံခါးတွင် ကင်းတာဝန်ကျနေစဥ် ထွက်ပြေးလာခဲ့ခြင်းဟု ဆိုသည်။

နိုင်ငံတကာ

အောက်တိုဘာ ၂၂ ရက်မှာတော့ သမ္မတ ဆာဂျီယို မက်တာရယ်လာက မယ်လိုနီကို နိုင်ငံရဲ့ အကြီးအကဲအဖြစ် ရာထူးအပ်နှံကြောင်း တရားဝင် လက်မှတ်ရေးထိုးပြီး ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့ပါတယ်။ မယ်လိုနီနဲ့အတူ ဝန်ကြီး ၂၄ ဦးလည်း ကျမ်းကျိန်ခဲ့ကြပါတယ်။

သတင်း

“ကျန်နေတာက ဆော တပ်ရင်း ၂ နဲ့ ဂန့်ဂေါ YPDFတပ်ရင်း၂ရင်းပဲ ကုဒ်နံပါတ်ကျန်နေတာ” ဟု ဆော PDF တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။

သတင်း

ကရင်နီအမျိုးသားခုခံတော်လှန်ရေး၌ ပါဝင်လာကြသည့် ရဲဘော်များ၏ တာဝန်သည်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းရမည့်အပြင် ပြည်သူလူထုကိုလည်း ကာကွယ်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။