မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက ကုလကျေးရွာနားမှာ သတ်ဖြတ်ထားတဲ့ လူငယ် ရုပ်အလောင်း ၅ လောင်းကို စစ်တပ်က ညပိုင်း လာစွန့်ပစ်သွားပြီး မနက်ပိုင်းမှာပြန်သယ်သွားတယ်လို့ ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။
အလောင်းတွေဟာ လက်ပြန်ကြိုးတုပ်ပြီးသတ်ဖြတ်ခံထားရတာဖြစ်ကာ ခေါင်းမှာ ကျည်ထိမှန်ထားတာတွေ့ရတယ်လို့ အဲဒီဒေသခံတွေက ပြောပြပါတယ်။
စွန့်ပစ်ထားတဲ့အလောင်း ၅ လောင်းမှာ ၁၈ နှစ်ဝန်းကျင် အမျိုးသမီး ၁ ဦး လည်းပါဝင်တယ်လို့သိရပါတယ်။
အလောင်းတွေကိုအောက်တိုဘာလ ၁၇ ရက်ညပိုင်းက သေနတ်တွေဖောက်ပြီး စစ်ကားတွေနဲ့ လာပစ်သွားတာဖြစ်ကာ နောက်တစ်နေ့ မနက်ပိုင်း မှာ စစ်ကားတွေနဲ့ပဲ ပြန်သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်းတွေဟာ ကုလကျေးရွာက ဒေသခံတွေ မဟုတ်ဘူးလို့လည်းသိရပါတယ်။
ဒါဟာ ကုလ ရွာကို စစ်တပ်က ခြိမ်းခြောက်တာဖြစ်တယ်လို့လည်းဒေသခံတွေက သုံးသပ်ထားကြပါတယ်။
