မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ယနေ့(အောက်တိုဘာ ၉)၌ ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်၍ နွေဦးတော်လှန်ရေး စျေးရောင်းပွဲ၊ ဖျော်ဖြေပွဲနှင့် ရန်ပုံငွေကောက်ခံပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ဂျိုးဟိုးပြည်နယ်၌ စစ်ဘေးရှောင်ပြည်သူများနှင့် မီးဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့နိုင်ရေး နွေဦးတော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲနှင့် ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း Under Ground UG Family အဖွဲ့မှ ဦးဆောင်ကာ ယနေ့ နေ့လည်ပိုင်းတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေရရှိရေး အလှူငွေကောက်ခံမှုများ ပြုလုပ်ခဲ့ကြသည်။


ယမန်နေ့(အောက်တိုဘာ ၈ ရက်)တွင်လည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ Queen ကောင်တီတွင် ပြည်ပရောက်မြန်မာများ (NYCBC)အဖွဲ့မှ ဦးဆောင်ကာ နွေဦးတော်လှန်ရေးရံပုံငွေဈေးရောင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမေရိကန်ဒေါ်လာ သုံးသောင်းကျော် ရှာဖွေရရှိခဲ့ကြောင်း NYCBCက ထုတ်ပြန်ခဲ့သည်။
