စစ်တပ်အာဏာသိမ်းရန် အကြံပေးရာတွင်ပါဝင်သည်ဆိုသည့် အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်အား ရန်ကုန်မြို့ နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Inya Urban Force အဖွဲ့က ထုတ်ပြန်သည်။
ယနေ့(စက်တင်ဘာ ၂၄ ရက်) ညနေ ၃နာရီခန့်က အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ကို ရန်ကုန်မြို့လှိုင်မြို့နယ် (၁၂)ရပ်ကွက်အတွင်းရှိ ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။
“ယနေ့ Mission အောင်မြင်ခဲ့ပြီ။အငြိမ်းစား ယူထားသော်ငြားလည်း ပြည်သူလူထုအပေါ်ရက် စက်ကြမ်းကြုတ်သောလုပ်ရပ်များ လုပ်ကိုင်ရန် အားပေးအားမြှောက်ပြုလုပ်သူ၊ စစ်အာဏာ သိမ်းရန် တိုက်တွန်းအကြံပေးသူ၊ စစ်မိစ္ဆာများနှင့် ပူးပေါင်းပြီး အကျိုးမြတ်များရရှိနေသူ၊ တော် လှန်ရေးရဲဘော်များအား အကြမ်းဖက်နှိမ်နှင်းရန်တိုက်တွန်းစေခိုင်းသူအစရှိသူတို့အား ကျွန်ုပ်တို့ မေ့လျော့ထားမည်မဟုတ်ပါ”ဟု IUF က ပြောသည်။
“ရဲဘော်တွေဘေးကင်းရာရောက်ပါပြီ”ဟု Inya Urban Forceက ပြောသည်။
ယခု ရှင်းလင်းနိုင်ခဲ့သော ဗိုလ်ချုပ်အုန်းသွင်သည် DSA 15 ဆင်းဖြစ်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဆရာရင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းသည် ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ဘဝဖြင့်စစ်တပ်မှ အငြိမ်းစားယူကာ မြန်မာနိုင်ငံဆိုင်ရာ သီရိလကာနိုင်ငံ သံအမတ် ၊ ဘဂ်လားဒေ့ရှ်သံ အမတ်၊ မော်လ်ဒိုက်သံအမတ် နှင့်တောင်အာဖရိကသံအမတ် အဖြစ်တာဝန်ယူခဲ့သူလည်း ဖြစ်သည်ဟု အသိပေးထားသည်။
ထို့အပြင် စစ်တပ်အာဏာမသိမ်းမီ တစ်နှစ်ခန့်အလိုက ၂၀၀၈ခြေဥအတွင်းမှပင် အာဏာသိမ်းစရာမလိုဘဲ အာဏာထိန်း၍ရကြောင်း စာတမ်းတစ်ခုရေးသားကာ အကြမ်းဖက်စစ်တပ်ဒုခေါင်းဆောင် စိုးဝင်းထံပေးပို့ခဲ့ကြောင်း သိရသည်ဟုလည်း ဖော်ပြထားသည်။
၎င်း၏သားဖြစ်သူမှာ လက်ရှိရခိုင်ပြည်နယ်တွင် တာဝန်ကျနေသည့်ဗိုလ်မှူး ကျော်ဇင်စိုးဖြစ်ကြောင်းလည်း Inya Urban Forceက ဖော်ပြသည်။
၎င်းတွင် သားသမီး သုံးဦးရှိပြီး အကြီးဆုံးမှာ ကျော်ဇေစိုး၊ အလတ်မှာ ဗိုလ်မှူးကျော်ဇင်စိုး ဖြစ်ပြီး သမီးအငယ်ဆုံးမှာ လင်းနန္ဒာသွင်ဖြစ်သည်။ လင်းနန္ဒာသွင်၏ ခင်ပွန်းမှာ စစ်တပ်မှ ဗိုလ်ကြီး ရဲတေဇဖြစ်ပြီး အာဏာမသိမ်းခင်က အငြိမ်းစားယူထားသူဖြစ်သည်ဟု ထပ်မံအသိပေးထားသည်။
၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြားမကြာခဏ ဆဲဆိုလေ့ရှိသူဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဆန္ဒပြလူငယ်များ သတ်ဖြတ်ခံရချိန် လူမှုကွန်ရက်တွင် အောင်ပွဲခံခဲ့သူဖြစ်သည်ဟု ဆိုသည်။
