ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ သေ့ဘော့ဘိုးကျေးရွာအနီးကို ကျူးကျော်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
မြ၀တီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း သေ့ဘော့ဘိုးကျေးရွာအနီးကို ကျူးကျော်ဖို့ကြိုးစားလာနေတဲ့ စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ(၃)ကွပ် ကဲမှုရဲ့ ခမရ (၃)၊ ခမရ(၉)၊ ခမရ(၁၀၄) တပ်တွေကို KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်းရဲ့ တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိတာဖြစ်ပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေဘက်က နေ့ရောညပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ဒီကနေ့ စက်တင်ဘာ (၁၉)ရက် နေ့လည်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ကာ အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။
တော်လှန်ရေး ပြည်သူ့စစ်သည်တော်တွေဘက်ကတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
