Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်ပြောင်းချိန်မှာ စစ်တပ်က အရပ်သားတွေကိုလူသားဒိုင်းအဖြစ်သုံးခဲ့တယ်လို့ KNU ပြော

လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ခေါ်ဆောင်သွားသူတွေကတော့ ကားမဲကျေးရွာနဲ့ တာပေါခီးကျေးရွာတွေက ရွာသားခြောက်ဦး၊ နော့ကတိုခီးကတစ်ဦး၊ ကျောက်တောင်ရွာသားတစ်ဦး၊ နို့တလာအောတစ်ဦး စုစုပေါင်းကိုးဦးဖြစ်တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

တပ်ပြောင်းချိန်မှာ စစ်တပ်က အရပ်သားတွေကိုလူသားဒိုင်းအဖြစ်သုံးခဲ့တယ်လို့ KNU ပြော
တပ်ပြောင်းချိန်မှာ စစ်တပ်က အရပ်သားတွေကိုလူသားဒိုင်းအဖြစ်သုံးခဲ့တယ်လို့ KNU ပြော

ဘီးလင်းမြို့နယ် တပ်မဟာ(၁)နယ်မြေထဲမှာ နေရာလဲလှယ်တပ်ပြောင်းတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားတွေကိုဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ်အသုံးပြုခေါ်ဆောင်သွားတယ်လို့ ကေအဲန်ယူကပြောပါတယ်။

ကေအဲန်ယူ-ဒူးသထူခရိုင် ဘီးလင်းမြို့နယ် လေးကေစစ်ကောင်စီစခန်းကို နေရာလဲလှယ်တပ်ချိန်းသွားတဲ့ စစ်ကောင်စီ ခမရ(၄၀၁) ခမရ(၄၁၀) ပူးပေါင်းတပ်ဖွဲ့ဟာ ဝင်းတာပန်စခန်းကို အပြန်လမ်းမှာ ဒေသခံအရပ်သားကိုးဦးကို အဓမ္မဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ခေါ်ဆောင်သွားသူတွေကတော့ ကားမဲကျေးရွာနဲ့ တာပေါခီးကျေးရွာတွေက ရွာသားခြောက်ဦး၊ နော့ကတိုခီးကတစ်ဦး၊ ကျောက်တောင်ရွာသားတစ်ဦး၊ နို့တလာအောတစ်ဦး စုစုပေါင်းကိုးဦးဖြစ်တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

စက်တင်ဘာလခြောက်ရက်နေ့က ကားမဲရွာနဲ့ တာပေါခီးရွာသားခြောက်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပေမယ့် နော့ကတိုခီး၊ ကျောက်တောင်နဲ့ နို့တလာအော ရွာသားသုံးဦးကိုမူ ပြန်လွှတ်ပေးခြင်းမရှိသေးပဲ စက်တင်ဘာလခုနှစ်ရက်နေ့ ညနေ(၇)နာရီခန့်က ပိန္နဲတော စစ်ကောင်စီစခန်းကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားကြောင်း ကေအဲန်ယူကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ(၃၀)ရက်နေ့က လေးကေစခန်းကို တပ်ချိန်းဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေခံ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင့်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ မဟာမိတ်တော်လှန်ရေးအင်အားစုတွေအကြား ထိတွေ့ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီဖက်ဘက်က ခြောက်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"မြေပြင်မှာကို မိထားတာ။MRDA ရဲ့ ခွဲမှူးတစ်ယောက်လို ဟန်ဆောင်ထားတဲ့သူ။တစ်ယောက်ပဲ မိသေးတယ်။လေးယောက် လောက်လွတ်နေသေးတယ်"ဟု ၎င်းက ရှင်းပြသည်။

သတင်း

နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ KTLA ပူးပေါင်းအဖွဲ့က ရဲဘော်တွေကတော့ တစ်စုံတစ်ရာ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

စစ်‌ကောင်စီတိုင်းမှူးပါဝင်သောယာဉ်တန်းဖြစ်ကြောင်းသတင်းအတိအကျရထား၍ ဝေဟင်၊မြေပြင်ပူးပေါင်းတိုက်ခိုက်ရန် အသင့်ကြိုတင်စောင့်ဆိုင်းခဲ့သော်လည်း ဆိုးရွားသောရာသီဥတုကြောင့် ဝေဟင်စစ်ဆင်ရေးကိုမူဖျက်သိမ်းခဲ့ရကြောင်း၊

သတင်း

အချိန်တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက အသိပေးသည်။