မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ ဘုရားအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းပူးပေါင်းအဖွဲ့က မနေ့ညပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
မြ၀တီ-ဝေါ်လေ ကာလမ်းမပေါ်ရှိ ကျော်ဝါးဘိုးဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ Federal Wings Drone အဖွဲ့က မနေ့ဩဂုတ်(၂၈)ရက်ည (၁၂)နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး အရာရှိ(၂)ဦးအပါအဝင် စုစုပေါင်း(၅)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းထံကနေ သိရပါတယ်။
