ကလေးမြို့တွင် ဒေသခံကာကွယ်ရေးတပ်များက ယမန့်နေ့(မေလ ၁၀ရက်)က တိုက်ပွဲသုံးခုဖော်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ခုနစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးများက ထုတ်ပြန်သည်။
ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ စမ်းမြို့ရပ်ကွက်နှင့် တာဟန်းရပ်ကွက်တို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။
တောင်ဖီလာရပ်ကွက်၊ လေးထပ်ဆောင်ဝန်ထမ်းအိမ်ယာတွင် တပ်စွဲထားသည် စစ်ကောင်စီတပ်ကို CNDFက ယမနန်နေ့ ည ၈နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့သည်။

စမ်းမြို့ရပ်ကွက်မူးယစ်ရုံးကို ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ ဖြစ်သည့် CNDF၊ PDF-Kalay၊ CSSနှင့် GRF တို့က ယမန့်နေည ၁၀နာရီခန့်တွင် နာရီဝက်ခန့်ဝင်ရောက်ပတ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ကလေးမြို့ တာဟန်းရပ်ကွက်ရှိ နေကြာတိုက်အနီးကင်းစောင့်နေသည့် စစ်ကောင်စီတပ်များကို CNDF၊ PDF-Kalay၊ CSSနှင့် GRF ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်စီတပ်သား နှစ်ဦးဒဏ်ရာရရှိခဲ့သည်။
ထိုတိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်များက အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။
“မနေ့ညက သေနတ်သံတွေကြားရတော့ ကြောက်လန့်နေတာ။ မနက်ကျ ဒီကောင်တွေ သေတယ်ကြားရတော့ ညကကြောက်တာတွေပျောက်သွားတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြေ ာသည်။
လက်ရှိတွင် ကလေးမြို့တွင်း တိုက်ပွဲများ နေ့စဥ်ဆက်တိုက်ဖြစ်နေဆဲဖြစ်ကြောင်း PDF(ကလေး) တာဝန်ရှိသူက ပြောကြားထားသည်။
