ဥရောပသမဂ္ဂသည် စစ်အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများအား ကန့်သတ်တားမြစ်ချက်များကို သက်တမ်းတိုးမြှင့်လိုက်ကြောင်း ပြင်သစ်သံရုံးက ယနေ့သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်စီးစေရာတွင် တာဝန်ရှိသူများ၊ မြန်မာစစ်တပ်၏ ဝင်ငွေနှင့် လှုပ်ရှားမှုများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် အကျိုးပြုနေသည့် အဖွဲ့အစည်းများကို ကန့်သတ်တားမြစ်ထားသည့် အရေးယူလုပ်ဆောင်မှုကို သက်တမ်းထပ်တိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါ သက်တမ်းတိုးခြင်းသည် မြန်မာနိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၂ မေ ၁၁ ရက်အထိ စုစုပေါင်း လူ ၆၅ ဦးနှင့် အဖွဲ့အစည်း ၁၀ ခုတို့အတွက် ကန့်သတ်အရေးယူမှုများကို ချမှတ်ထားသည်။
