မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ သွေးသောက်အဖွဲ့မှ ဒုခေါင်း ဆောင်ဆိုသူနှင့် အဖွဲ့ဝင်တစ်ဦးကို မန္တလေးမြေအောက်တော်လှန်ရေးအဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသတင်းထုတ်ပြန်သည်။
ပုသိမ်ကြီးမြို့နယ် ဆင်ပွတ်ကြီးရွာအခြေစိုက် သွေးသောက်အဖွဲ့ ဒုခေါင်းဆောင် ဖြိုးကျော်နှင့် မုန့်နီတို့နှစ်ဦးကို လမ်း ၃၀ မြို့ပတ်လမ်းအရှေ့ထိပ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဆင်ပွတ်ကြီးသွေးသောက်အဖွဲ့သည် NLD အမတ်များကို ဖမ်းဆီးသတ်ဖြတ်၍ စစ်ခွေးများမှ ချပေးထားသော လက်နက်များကိုင်ဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုပြီး လက်နက်ကိုင်ပြီး ရမ်းကားနေတဲ့သူတွေ ဖြစ်ပါတယ်ခင်ဗျာ”ဟု မန္တလေးအခြေစိုက် UG မဟာ မိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။

အထက်ပါတိုက်ခိုက်မှုကို မန္တလေးမြို့အခြေ စိုက် UG မဟာမိတ်တပ်ပေါင်းစုဖြစ်သော Rangers Of Mandalay(ROM)၊ အနက်ရောင်သေမင်း၊ NGU:FF စသည့် UG အဖွဲ့ခြောက်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးမြို့တွင် သွေးသောက်အဖွဲ့က NLD ထောက်ခံသူများနှင့်ထောက်ခံကို ဖမ်းဆီးသတ်ဖြတ်မှု ၆ ဦးကျော်ရှိလာပြီးနောက် မြို့ပြပြောက်ကျားတပ်ဖွဲ့ကသွေးသောက်အဖွဲ့ကို တန်ပြန်သုတ်သင်ရှင်းလင်းမှု စတင်လာခြင်းဖြစ်သည်။
စစ်ကောင်စီက သွေးသောက်အဖွဲ့မှာ ၎င်းတို့နှင့်မသက်ဆိုင်ဟုငြင်းဆန်ထားသော်လည်းသွေးသောက်အဖွဲ့က ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်မှုများအပေါ် အရေးတုံ့ပြန်ခြင်း မရှိဘဲ ခွင့်ပြုထားသဖြင့် ထိုအဖွဲ့ ၏ နောက်ကွယ်တွင်စစ်ကောင်စီရှိကြောင်း ပြည်သူများကညယုကြည်နေကြသည်။
၎င်းတို့ UG မဟာမိတ်တပ်ပေါင်းစုညီနောင်များစုပေါင်း၍ အာဏာရှင်စနစ်အားတိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း UG များက အသိပေးထားသည်။
