စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ PDF စခန်းငယ်တစ်ခု ဝင်ရောက်စီးနင်းခံရပြီး ပြည်သူ့ရဲဘော်ရှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(မေလ ၉ ရက်)နံနက်၇နာရီခန့်က မြင်းမူမြို့နယ်၊ ပဲကူရွာအနီးရှိ Black Eagle Defence Force- MMU၏ စခန်းငယ်တစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးကို နေရာတွင်ပင် လက်ပြန်ကြိုး တုပ်၍ ခေါင်းတေ့ပစ်ပြီး မီးပုံရှို့သွားကြောင်း ဒေသခံများက ပြောသည်။
ကျဆုံးရဲဘော်များထဲတွင် စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံဖြိုးပါဝင်ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

Black Eagle Defence Force- MMUအဖွဲ့သည် မြင်းမူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်လျက်ရှိသည်။
