မြင်းမူ
မုံရွာ – မြင်းမူ – မန္တလေးလမ်းပိုင်း၊ ထီးဆောင်း-အရာတော် လမ်းပိုင်းနှင့် မြင်းမူမြို့နယ်အတွင်းရှိလမ်းပိုင်းများ၊ မြို့နယ်ချင်းဆက် လမ်းပိုင်းများအား ယနေ့ မေလ ၉ ရက်နေ့မှစ၍
အသုံးပြုခြင်း မပြုကြရန် Myin Mu Defence Forceက အသိပေးကြေညာသည်။

ခင်ဦး
ခင်ဦးမြို့နယ်၊ မြင်းဒေါင်း-မုံလှ ကွန်ကရစ်လမ်းပိုင်း၊ ခင်ဦး-ရေဦး လမ်းပိုင်းအား ယမန်နေ့ မေလ ၈ ရက်နေ့မှစတင်ကာ အသွားအလာအားလုံးရပ်ထားပေးကြရန် Khin U Support Organization အဖွဲ့က အသိပေးသည်။
မင်းကင်း၊ ယင်းမာပင်၊ ဆားလင်းကြီး
မုံရွာ- ပုသိမ်လမ်းမကြီး၊ ဆားလင်းကြီး – ညောင်ပင်ကြီးလမ်းပိုင်းများအား ယခုမှစ၍ အရေးပေါ်ပိတ်သိမ်းလိုက်ကြောင်း ဒေသတွင်း PDFအဖွဲ့များက ယမန်နေ့ မေလ ၈ ရက်နေ့တွင် အသိပေး ကြေညာထားသည်။
