စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း MDF-Hydra Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၁၃ ရက်)နံနက် ၁၁ နာရီ ၁၅မိနစ်ခန့်က တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းအား ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိသော်လည်း အရေအတွက်အတိအကျအတည်မပြုနိုင်သေးကြောင်း MDF-Hydra Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“စခန်းတည့်တည့်ပေါ်ချတာ။ စစ်တပ်က တပ်စွဲထားတယ်။အဲစခန်းက ပြည်သူတွေကို မကြာခဏလည်းပိုက်ဆံထွက်တောင်းတယ်။”ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို MDF-Hydra Force ၊ SSTF – Spring Special Task Force နှင့် NCG တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၂ ရက်ကလည်း တန့်ဆည်မြို့နယ်၊ ဘေရင်းရွာသစ်သို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်နှင့်ပျူများကို တန့်ဆည်(ပကဖ)က တိုက်မိုင်း နှစ်ကြိမ်ဆွဲ၍ တိုက်ခိုက်ရာ စစ်သားတစ်ဦး၊ ပျူနှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ပကဖအဖွဲ့က ထုတ်ပြန်ထားသည်။
