မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီပိုင် ကုမ္ဗဏီများ၏ထုတ်ကုန်ဖြစ်သော ပြည်သူများအား အဆိပ်အတောက်ဖြစ်စေနိုင်သည့် အရက်ပုလင်းများအား ဒီဇင်ဘာ ၁၂ ရက်တွင် သိမ်းဆည်းရမိ၍ ဖျက်ဆီးလိုက်ကြောင်း ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း-MVRFက အသိပေးသည်။
တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ပြည်သူများအဆိပ်အတောက်ဖြစ်စေမည့် မည်သည့်အရာကို မဆို၊ စစ်ကောင်စီပိုင် မည်သည့်ကုန်ပစ္စည်းများကိုမဆို လက်ခံမည်မဟုတ်ဘဲ တင်းကြပ်စွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း MVRFက သတိပေးသည်။





ဖြစ်စဥ်နှင့်ပတ်သက်၍ MVRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။
