မိုင်းကွင်းထဲရောက်လာသည့်စစ်ကောင်စီတပ်၏ တပ်မ ၈၈ လက် အောက်ခံခြေလျင်တပ်ရင်း (ခလရ) ၇၈ အားမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း မြို့လှ KPDF က ထုတ်ပြန်သည်။
ခလရ (၇၈)စစ်ကြောင်းမှူး ဇေယျာမင်းဦးစီး သောအင်အား ၆၇ ဦးပါ အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၅ နာရီ ၁၀ မိနစ်တွင်ကသာခရိုင် ချောင်းဝရွာ မှ မိုးဒါလေး ဘက်သို့ စစ်ရေး လှုပ်ရှားမှု့ ပြုလုပ်လာခဲ့သည်။
ချောင်းဝရွာနှင့် နေားတန်းရွာ အကြားKPDF တပ်ခွဲမှ မိုင်းဆရာ ဗိုလ်ဂုဏ်မာန် ၏သတ်ကွင်းထဲသို့ ၇ နာရီ မိနစ် ၄၀ခန့်ကစစ်ကောင်စီတပ်များဝင်ရောက်လာခဲ့ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်သား ၄ ဦးသေဆုံးပြီး၁၀ ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်သည်။သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား လေးဦး၏ ခြေပြတ်လက်ပြတ်များကို မိုင်းကွင်းတွင်တွေ့ရှိခဲ့ကြောင်းလည်းအသိပေးထား
သည်။ မိုင်းထိပြီး ခြေထောက်များပြတ်နေသောဓါတ်ပုံအချို့ကိုပါ မြို့လှ KPDF ပူးတွဲထုတ်ပြန်ထားသည်။
အဆိုပါခြေပြတ်လက်ပြတ်များကို မိုင်းဆွဲတိုက်ခိုက်ခံရသောနေရာအနီး မြှပ်နှံသွားကြောင်းလည်းသိရသည်။
ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများကို ထန်းတဘိုးဖြင့်နှစ်ယောက်တစ်တွဲ (၈)တွဲထမ်းသယ်၍နောက်ဆုတ်သွားကြောင်းလည်း KPDF ကဆိုသည်။စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ် နှင့် စစ်ကောင်စီတပ်နောက်ဆုတ်သွားခဲ့သည့် စစ်ကောင်စီစစ်ကြောင်း အခြေအနေ ကို KPDF ထံPeople’s Spring သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် သီးခြားမှတ်ချက်မရရှိသေးပါ။
ခလရ ၇၈ စစ်ကြောင်း သည် ချောင်းဝရွာအနီးကိုယ်ဝန်ဆောင်မိခင်အားသေနတ်ဖြင့်ထောက်ပြီးခြေထောက်ဖြင့် ကန်ကြောက်မှုပြုလုပ်ခဲ့သည်ဟုလည်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
