မန္တလေးမြို့က လူအများသွားလာတဲ့နေရာ ၂ ခုမှာ ဒီနေ့ နေ့လယ်ပိုင်း ဗုံး ၂ လုံးတွေ့ခဲ့ရတယ်လို့ စစ်အုပ်စုဘက်က သတင်းထုတ်လာပါတယ်။
ဗုံးတွေ့တဲ့နေရာတွေကတော့ ချမ်းမြသာစည်မြို့ထဲက မြဝတီဘဏ်ရှေ့နဲ့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ရုံးတို့ဖြစ်ပါတယ်။


တွေ့ရတဲ့ ဗုံးတွေဟာ မပေါက်ကွဲသေးတဲ့ ဗုံးတွေဖြစ်တယ်လို့ စစ်အုပ်စုရဲ့သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။
ဒီဗုံးတွေကို ရှင်းလင်းခဲ့ရတယ်လို့လည်း ဆိုထားတာတွေ့ရပါတယ်။

ဒီလို ဗုံးတွေ့တဲ့ မြဝတီဘဏ်ရှေ့နဲ့ စိန်ပန်းရပ်ကွက်ရုံးတွေ ဟာ စစ်ကောင်စီတပ်က လုံခြုံရေးယူထားတဲ့နေရာတွေလည်းဖြစ်ပါတယ်။
