စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထဲက ယောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျုစောထီးတွေကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူနယ် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
ယောရွာထဲမှာ ပျုစောထီးသင်တန်းပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ တပ်စွဲထားတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။
ဒါကြောင့် ဒီနေ့ နေ့လယ်ပိုင်း ၁ နာရီခွဲခန့်မှာ Kanbalu Underground Warriors မြေပြင်လှုပ်ရှားညီနောင်များ၊ လင်းယုန်နီ နဲ့ ကန့်ဘလူတောင်ခြမ်း Local အဖွဲ့တွေ လက်နက်ကြီး နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုလည်း ၁၅ မိနစ် နီးပါး ဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေး အင်းအားစုတွေ အထိအခိုက်မရှိ ဆုတ်ခွာလာခဲ့တယ်လို့ လည်းသိရပါတယ်။
စစ်ကိုင်းတိုင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်ဆိုပြီး ဒေသခံတွေကို လက်နက်တပ်ဆင်ပေးတာတွေရှိပါတယ်။
