မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် ထဲက ထင်းဝင်းရပ်ကွက်ရုံးရှေ့မှာ မနေ့က ညနေပိုင်း ၅ နာရီခန့် ခြင်းခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကြားအဖွဲ့ Special Task Force MDY က ထုတ်ပြန်ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့လည်း အဲဒီအဖွဲ့ ကဆိုထားပါတယ်။
တိုက်ခိုက်ခံရတဲ့ ရပ်ကွက်ရုံးနားမှာ နေထိုင်သူ အမျိုးသားတစ်ဦး ရဲ့ ပြောပြချက်အရ ပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်ပစ်ခတ်သံတွေကို ကြားရတယ်လို့သိရပါတယ်။
သိပ်မကြာခင်မှာတော့ လူနာတင်ကားရောက်လာပြီး ဒဏ်ရာရသူတွေကိုသယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
အခင်းဖြစ်တဲ့ ထင်းဝင်းရပ်ကွက်ရုံးဟာ အမှတ် (၇) ရဲစခန်းနဲ့ မဟာအောင်မြေမြို့နယ် တရားရုံး ကြားမှာ တည်ရှိပြီး စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။
