Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နမ့်ဆန်ရှိ TNLAတပ်စခန်းကို စစ်ကောင်စီတပ်လေကြောင်းမှ အင်အားများချပြီး ထိုးစစ်ဆင်၍ တိုက်ပွဲစတင်

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အလွန်နည်းပါးခဲ့သည့် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။

(TNLAတပ်မှ ရဲဘော်များအား တွေ့ရစဥ်)
(TNLAတပ်မှ ရဲဘော်များအား တွေ့ရစဥ်)

“TNLA စခန်းရှိတဲ့ဘက်ကို ရဟတ်ယာဉ် ၅စီး လား၊ ၆စီးလား အဲဒီလို လူတွေလာချပြီး ချနေတာ” ရှမ်းမြောက်သတင်းရင်းမြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ တအာင်းတပ်မတော်(TNLA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းမှ စစ်အင်အားချပြီး ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်နေကြောင်း ရှမ်းမြောက်ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အလွန်နည်းပါးခဲ့သည့် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့နဲ့ သိပ်မဝေးဘူးဗျ။ အပြင်းအထန်ဖြစ်နေတာ။ ဘယ်လိုကနေ ဘယ်လိုသတင်းရလဲမသိဘူး TNLA စခန်းရှိတဲ့ဘက်ကို ရဟတ်ယာဉ် ၅စီး လား၊၆စီးလား အဲဒီလို လူတွေလာချပြီး ချနေတာ။သူတို့က မြေပြင်မှာစစ်ကြောင်းထိုးတာ မဟုတ်ဘူး။ လေကြောင်းက လူလာချပြီး တွယ်နေတာ။ လောလောဆယ် အခြေအနေအထိက တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ အခြေအနေမျိုးဆိုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဘယ်နေရာမှာ ဘယ်လို ပြန်ဖြစ်မလဲ ဆိုတာ ပြောလို့မရဘူး ။ တိုက်ပွဲက စပြီဆိုတော့”ဟု ရှမ်းမြောက်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ယခု တိုက်ခိုက်ခံရသည့် တပ်စခန်းသည် TNLA၏ အခိုင်အမာတပ်စခန်း တစ်ခုဖြစ်ပြီး ယင်းစခန်း၌ ခေါင်းဆောင်ပိုင်းများ နေထိုင်မှုရှိသည်ဟု ဆိုသည်။

ကချင်သတင်းဌာန Kachinwaves ၏ တိုက်ပွဲသတင်းဖော်ပြချက်တွင် နမ့်ဆန်မြို့နယ် ဟိုဖန်း၊ ဟိုမန်း၊ မန်ဖတ် ဒေသများ၌ ယနေ့(ဒီဇင်ဘာ ၇ရက်)မွန်းလွဲ ၂နာရီမှစ၍ တိုက်ပွဲပြင်းထန်နေရာ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များအသုံးပြု ပြီး စစ်ကောင်စီတပ်က တိုက်ခိုက်နေသည်ဟု ဖော်ပြထားသည်။

TNLA သတင်းနှင့် ပြန်ကြားရေးဌာနက တိုက်ပွဲသတင်းထုတ်ပြန်ရာ ဒီဇင်ဘာ ၇ရက် နေ့လယ် ၂နာရီတွင် TNLA တပ်ဖွဲ့များရှိရာ ဟူမန်းကျေးရွာသို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် ငါးစီးဖြင့် ၎င်းတပ်ဖွဲ့ဝင်များကို လာရောက်ပို့ဆောင်ခဲ့ပြီး ညနေ ၄နာရီခွဲတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ထို့အပြင် နမ့်ဆန်မြို့မှ လက်နက်ကြီး လေးလုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအသေးစိတ်အား မသိရသေးကြောင်း TNLAက ယနေ့ ညပိုင်း၌ ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီတပ်သည် နိုဝင်ဘာလကုန်ပိုင်းကလည်း ချင်းရွှေဟော်ဒေသ မြန်မာ – တရုတ် နယ်စပ်ရှိ ကိုးကန့်(MNDAA)တပ်စခန်းကိုလည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။

You May Also Like

သတင်း

KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ မဒဲယန်တွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီ ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၆ရက်)က ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုထက်မနည်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ညာတခိုကျိုး တပ်စခန်းအပါအဝင် စခန်းအချို့ သိမ်းရခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

လတ်တလောတွင် ချင်းရွှေဟော်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် ချင်းရွှေဟော်ဒေသ၌ စခန်းချနေသော်လည်း နှစ်ဖက်ပဋိပက္ခ ထပ်မံ ဖြစ်ပွားမှု မရှိဟု ဖော်ပြထားသည်။

သတင်း

မြောင်မြို့နယ် ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ် များသည် မြောင်နယ်နှင့် ရေစကြိုမြို့နယ်များရှိ ကျေးရွာများအား မကြာခဏ မီးရှို့ဖျက်ဆီးလေ့ရှိသည်။