စစ်ကောင်စီ၏ ရာထူးအကြီးပိုင်းခေါင်းဆောင် များ သေဆုံးလျှင် မြှုပ်နှံလေ့ရှိသည့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်သင်္ချိုင်းရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်အား ယနေ့ (ဒီဇင်ဘာ ၄) နံနက်ပိုင်း၌ Yangon Revolution Force – YRF ၏ Soft Strike Community မှ ရဲဘော်များမှ သွားရောက်ချထားပြီး လှုံ့ဆော်မှုပြုလုပ်ခဲ့သည်။
လွန်ခဲ့သော လပိုင်းအတွင်းက မြို့ပြပြောက်ကျားရဲဘော်များ၏ ရှင်းလင်းခြင်းကို ခံလိုက်ရသည့် ဗိုလ်မှူးကြီးအုန်းသွင်၏ ရုပ်အလောင်းကိုလည်း ယင်းင်္သချိုင်းတွင် မြုပ်နှံထားကြောင်း YRF က ဆိုသည်။
ထိုသို့ ချထားခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်း စစ်သင်္ချိုင်းသို့ ရောက်ရှိရန် ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင်များအား ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ရပ်တန့်ကာ ထိုသင်္ချိုင်းသို့ မြန်မြန်ရောက်ရှိပြီး ဘဝနိဂုံးချုပ်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း YRFက ဖော်ပြခဲ့သည်။
စစ်ခေါင်းဆောင်များ အလျှင်အမြန် အနားယူခွင့်ရစေရန်နှင့် ၎င်းတို့ နားခိုရာသင်္ချိုင်းအား စည်ကားစေလိုသော စေတနာဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း YRF က ဆိုသည်။
