မကွေးတိုင်း၊ မြိုင်နှင့်ပေါက်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်ယာဉ် မိုင်းထိပြီးနောက် အဆိုပါကားပေါ်မှ ကျည်ဆန်ထောင်ချီ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလက်ျာက ပြောကြားသည်။
ဒီဇင်ဘာ၂ ရက်နံနက် ၇ နာရီ ၂၈ မိနစ်ခန့်က မြိုင်နယ်နှင့် ပေါက်မြို့နယ်အစပ် တဲကြီးရွာနှင့်နယ်သတ်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားအား မီးရှို့သွားခဲ့သော စစ်ကြောင်းထံမှ အေကေ ကျည် ၂၆၂တောင့်၊ ၇.၆၂ ကျည် ၃၀၆၉တောင့်၊ (၉)မမကျည် ၅၀တောင့် ၊ရဲဝတ်စုံ ၅ စုံတို့အား ယမန်နေ့က ရှင်းလင်းရေးဆောင်ရွက် စဥ် မီးလောင်နေဆဲ ကားပေါ်မှ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလကျာ်က ပြောသည်။


“စစ်ကြောင်းမှူးထိတယ်၊ သူတို့ အချင်းချင်းရန်ဖြစ်ပြီး မီးရှို့ကြတာ။ ရေနံချောင်းက ရေနံမြေရဲတွေလည်းပါတယ်။ ရဲက ၂၀ ကျော်ပါတယ်”ဟု ကိုလကျာ်က ပြောသည်။
အဆိုပါ ယာဉ်မှာ နိုဝင်ဘာ၃၀ ရက်က ပခုက္ကူ ၊ကမ္မဘက်မှ ကျောက်ခွက်စခန်း၊ ဖလန်ကိုင်းစခန်းများသို့ ရိက္ခာပို့ရန်ထွက်လာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက် နံနက် ၁ နာရီ ၄၂မိနစ်ခန့်တွင် တဲကြီးရွာနှင့် နယ်သတ်ရွာကြား၌ မိုင်းထိခဲ့သည်။
ကားမှာမိုင်းထိပြီးနောက် နယ်သတ်ရွာအနီးတွင် ရပ်တန့်ခဲ့ရကာ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခံရသည်။
ဒီဇင်ဘာ၂ ရက် နံနက်ပိုင်းတွင် အဆိုပါစစ်အုပ်စုအား ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ကိုလကျာ်က ပြောကြားသည်။
ထို့နောက်စစ်အုပ်စုသည် သေဆုံးအလောင်းများနှင့် ရိက္ခာကားကိုပါ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်။
