မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် PDFများလာရဲရင်လာခဲ့ဟု စိန်ခေါ်သည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား ရှင်းလင်းခဲ့ကြောင်း Natogyi Regional Defence Force – NRDFအဖွဲ့က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ၁၂ နာရီကျော်က တောင်သာမြို့နယ်၊ အောင်သာကျေးရွာရှိ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစိုးဆိုသူ၏ နေအိမ်သို့သွားကာ ၎င်းအား မဟာမိတ်အဖွဲ့များက ရှင်းလင်းခဲ့ကြောင်း NRDFအဖွဲ့က ယမန်နေ့(ဒီဇင်ဘာလ ၂ ရက်) အသိပေးသည်။
အဆိုပါ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစိုးဆိုသူသည် အာဏာသိမ်းစစ်ကောင်စီ၏ အမိန့်နာခံကာ ရပ်ရွာပြည်သူလူထုအား အာဏာသုံးခြိမ်းခြောက်ခြင်းများ၊ PDFများကိုပါ “လာရဲတဲ့သူလာခဲ့”ဟု စိန်ခေါ်မှုများရှိခဲ့ကြောင်း NRDFအဖွဲ့က ဆိုသည်။
ထိုဖြစ်စဥ်ကို Natogyi Regional Defence Force – NRDFနှင့် The Value Of Young Men(တောင်သာ)၊ မလှိုင်တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ NRDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
