အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် DSA စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ တက်ဖို့ ပြင်ဦးလွင်ကိုရောက်နေချိန် မန္တလေး − ပြင်ဦးလွင် အတက်လမ်းပိုင်းမှာ စစ်ကား မိုင်းဆွဲခံရမှုဖြစ်ပွားခဲ့ပါတယ်။
မနေ့က နေ့ခင်းပိုင်း ၃ နာရီမထိုးခင်မှာ မန္တလေး − ပြင်ဦးလွင် အတက်လမ်းပိုင်း သမ္မတောရွာနဲ့သန့်စင်ကုန်းရွာကြား စစ်ကားမိုင်းဆွဲခံရတာပါ။
မိုင်းဆွဲခံရတဲ့ နေရာဟာ မန္တလေး ဘက်ခြမ်း အထွက် မှာဖြစ်တာလို့သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးနဲ့ အာဏာရှင် ရှင်းလင်းသုတ်သင်ရေး ( မြေခွေးအဖွဲ့) က လုပ်ဆောင်တာဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိတယ်လို့ NGU:FF (မြွေခွေးအဖွဲ့) တာဝန်ခံက ပြောပါတယ်။
“မန္တလေးဘက်ကိုဆင်းလာတဲ့ကားပါဗျ။ မအလ က မေမြို့မှာ မနေ့ကပဲ DSA သင်တန်းဆင်းပွဲမှာ ရောက်နေတာပါ။ သူရောက်နေတုန်းလုပ်ခဲ့တာပါဗျ။ ွေးကားရှေ့ခေါင်းခန်းကိုကွက်တိမိပြီးရှေ့ခေါင်းခန်းက ွေး၂ကောင်သေချာပေါက်သေပါတယ်။ ကားကအဲ့နေရာတင်ထိုးရပ်သွားတာဆက်မသွားနိုင်ဘူး။”ဟု ၎င်းတာဝန်ခံက People’s Spring ကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ပတ်သပ်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမတွေ့ရပါဘူး။
“မြေတောင်တုန်တယ်တဲ့။ အသံတော်တော်ကျယ်တယ်ပြောတယ်။”လို့ဒေသခံတစ်ဦးကလည်းပြောပါတယ်။
မန္တလေးမှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီခေါင်းဆောင် ပြင်ဦးလွင်ရောက်နေချိန် မန္တလေးနဲ့ ပြင်ဦးလွင် ကို လုံခြုံရေးစည်းတင်းကျပ်ထားတဲ့ကြားထဲက အခုလို စစ်ကား မိုင်းဆွဲခံရတာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ကျဆုံးခဲ့တဲွမြေခွေးတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးကိုကျော်နဲ့ တပ်စိတ်မှူး ရဲရဲတို့ ကျဆုံးမှုတစ်နှစ်ပြည့်အဖြစ် လက်တုံ့ပြန်တိုက်ခိုက်တာခြင်းကြောင်း NGU:FF (မြွေခွေးအဖွဲ့)က အသိပေးထားပါတယ်။
