ကချင်ပြည်နယ်က နာမည်ကျော်ကျောက်စိမ်းလုပ်ကွက်တည်ရှိရာ လုံးခင်းကျေးရွာမှာရှိတဲ့ဖုန်းဆိုင်ကို ဒီနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်က မောင်းပြန်သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦး ဓားပြဝင်တိုက်သွားပါတယ်။
ဓားပြတိုက်ခံရတဲ့ဆိုင်ဟာ JL Mobile & Mini Mart ဖြစ်တယ်လို့ ကချင်ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။
CCTV မှတ်တမ်းမှာတော့ မောင်းပြန်သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦး ဆိုင်ထဲဝင်လာတာတွေ့ရပါတယ်။
အဲဒီနောက် ဆိုင်ထဲက ရောင်းရငွေတွေနဲ့ ဖုန်းတွေကို ယူသွားပါတယ်။
ဆိုင်နဲ့ နီးစပ်သူတစ်ဦးပြောပြချက်အရတော့စုစုပေါင်း ကျပ်သိန်း ၅၀ လောက်ပါသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမန္တလေးမှာ ဖုန်းဆိုင်ကို သေနတ်ပြပြီး ဓားပြဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။
