ပဲခူးတိုင်းအနောက်ပိုင်း အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDFက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(နိုဝင်ဘာ ၃၀) ထုတ်ပြန်သည်။
ယနေ့နေ့လယ် ၁နာရီခွဲခန့်က အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာရှိ ဒေသခံများ၏ နေအိမ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ – ၅၊ တပ်စု ၃က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု ဆို သည်။
“အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု နောက်ဆက်တွဲသတင်းကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်”ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ဖော်ပြသည်။ တိုက်ခိုက်မှုအခြေအနေများအား သိရှိနိုင်ရန် People’s Springက ပဲခူးတိုင်းစစ်ဒေသခွဲသို့ ဆက်သွယ်ထားသော်လည်း အဆက် အသွယ်မရသေးပေ။
အထက်ပါတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
