တရုတ်သမ္မတဟောင်း ကျန်ဇီမင်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားပြီလို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၁၃ မိနစ်မှာကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ်ရှိပါပြီ။
သမ္မတဟောင်းကျန်ဇီမင်းဟာ သွေးကင်ဆာ နဲ့ ကိုယ်တွင်းအင်္ဂါတွေပျက်စီးမှုကြောင့်ဆုံးပါးသွားတာလို့ ဆင်ဟွာက ဆိုထားပါတယ်။
ကျန်ဇီမင်းဟာ တရုတ်သမ္မတအဖြစ် ၁၉၉၃ ခုနှစ်က ၂၀၀၃ ခုနှစ်အထိ ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ဓာတ်ပုံ − Getty Images
