စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးနိုင်ကြောင်း BLACK WOLF -ARMY (PDF)အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၈ ရက်)နံနက် ၉နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ သားနားကျေးရွာမှ ထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပြင်းအားမြင့် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း BLACK WOLF -ARMY (PDF)အဖွဲ့ တာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို BLACK WOLF -ARMY (PDF)နှင့် တော်ဝင်ဖီးနစ် – PDFတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ခင်ဦးနယ်၊ မုံလှရွာတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ကိုလှိုင်ဝင်းနှင့် ယခင်ကကျဆုံး ကျဆုံးခဲ့ပြီးသော BLACK WOLF – ARMY (PDF) ရဲဘော်လေးဦးအတွက် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း BLACK WOLF -ARMY (PDF)အဖွဲ့က အသိပေးထားသည်။
