ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းဝင်ထွက်သွားလာခြင်း ယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၇ ရက် ရက်စွဲပါ အမိန့်စာအရ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပြည်သူများကို ညှင်း ပန်းနှိပ်စက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်ကို ပြန်လည်ချေမှုန်းနိုင်ရန် နည်းလမ်း မျိုးစုံဖြင့် ကြိုးစားအားထုတ်နေကြောင်း ဖော်ပြ ထားသည်။

ထို့ကြောင့် ယနေ့(နိုဝင်ဘာ ၂၈ ရက်)ကစ၍ဖရူဆိုမြို့အတွင်းဝင်ထွက်သွားလာခြင်းကို အခြေအနေပေါ်မူတည်၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ပင်ထားမည်ဖြစ်ကြောင်း အသိပေးသည်။
လမ်းပိတ်ထားစဥ်ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို စစ်ဆေးတွေ့ရှိပါက လုံးဝ ခွင့်ပြုမည်မဟုတ်ဘဲ သွားလာနိုင်မည့်ရက်ကို ပြန်လည်အသိပေးမည်ဟု ပါရှိသည်။
“ဖရူဆိုဒေသတွင်းရှိပွင့်လင်းရာသီချိန်တွင်း စစ်ရေးအရှိန်တိုးမြင့်လာနိုင်သောကြောင့် မိဘပြည်သူများ ထုတ်ပြန်ချက်ကို အမြဲနားစွင့်လိုက်နာဆောင်ရွက်ကြပါရန်” ကရင်နီတပ် မတော် KA က ပြောသည်။
ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၄၂၈ တပ် က အထိုင်ချတပ်စွဲထား ပြီး ကရင်နီတော်လှန်ရေးတပ်များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
