မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ ခိုလှုံရာ နေအိမ် မနေ့ကညပိုင်း စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းလို့ ပြောက်ကျားအဖွဲ့ဝင်အချို့ ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။
အဲဒီနေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စီးနင်းတာဖြစ်ပြီး ဖမ်းခံရသူတွေနဲ့ ဆက်သွယ်ထားသူတွေ အမြန်ဆုံးရှောင်တိမ်းကြဖို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့Anonymous Force Mandalay က ထုတ်ပြန်အသိပေးထားပါတယ်။

မနေ့ညပိုင်းက ဖြစ်စဉ်မှာ ၃ ဦးထက်မနည်း ဖမ်းခံလိုက်ရတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကောင်စီတပ်ဟာ မန္တလေးမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ GZP အဖွဲ့ ရဲ့ ဒုခါင်းဆောင် အပါအဝင် ရဲဘော် ၄ ဦးကို စစ်အုပ်စုက အသေပစ်သတ်ခဲ့ပါသေးတယ်။
