စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ဆီဘောက်ဆာပါယာဥ်တန်းအား ပဒေသာမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa၏ တာဝန်ခံ Daung Karyan က ပြောကြားသည်။
ယမန်နေ့ (နိုဝင်ဘာလ ၂၆ ရက်) ည ၇ နာရီခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာမှ မန္တလေးမြို့သို့သွားသော စစ်ကောင်စီ၏ မိုးကာအုပ်ကားကြီး နှစ်စီးနှင့် ဆီဘောက်ဆာကား တစ်စီးပါယာဥ်တန်းအား ဂွေးပင်တောရွာအနီးအရောက်တွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုယာဥ်တန်းအား ငါးလုံးပါ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုးကာအုပ်ကားကြီးတစ်စီးထိပြီး ကားပျက်စီးသွားကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-South Monywa၏ တာဝန်ခံ Daung Karyan က ပြောသည်။
စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။
နိုဝင်ဘာ၂၅ ရက်နကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းနှင့်မုံရွာတို့မှထွက်လာသည့် စစ်ကောင်စီယာဥ်တန်းများကို မုံရွာ-ချောင်းဦး-မြင်းမူ-စစ်ကိုင်း လမ်းပိုင်းတစ်လျှောက် ဒေသတွင်း PDFများက မိုင်းများဆက်တိုက်ခွဲကာတိုက်ခိုက်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
