ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ စစ်ကောင်စီ၏ လျှပ်စစ်မီတာရုံးကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association(YUA)က ပြောသည်။
ယနေ့(နိုဝင်ဘာ ၂၆)နံနက် ၆ နာရီ ၅၈မိနစ်ခန့်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်ထောင်စုလမ်းမကြီးနှင့် ဗိုလ်မှူးဗထူးလမ်းထောင့်ရှိ မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား YUA အဖွဲ့ Human Right Defenders နှင့် မဟာမိတ်ဖြစ်သည့် သွေးသစ္စာအဖွဲ့တို့ပူးပေါင်းပြီး တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
“မြေပြင်သတင်းအရတော့ လူထိခိုက်တယ် မကြားပါဘူး။ အဓိက ကလည်း လူထက်အခြေခံ ယန္တရားကို တိုက်ခိုက်တာပါပဲ။ ပူးပေါင်း စစ်ဆင်ရေးပါ”ဟု YUA က ပြောသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ဘက်မှ လူထိခိုက်မှုမရှိသော်လည်း စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု YUA က ဆိုသည်။
တိုက်ခိုက်မှုကို ဦးဆောင်ပြုလုပ်ခဲ့သော YUA အဖွဲ့ဝင် HRDကမူ ၎င်းတို့အနေဖြင့် ပြည်သူအပေါ်အနိုင်ကျင့် ခြိမ်းခြောက်ကာ မီတာဆောင်ခိုင်းခြင်း၊ မီတာခမဆောင်လျှင် မီးဖြတ်ခြင်းများပြုလုပ်နေသည့်အပေါ် လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း ပြောသည်။
“အဓိကပြောချင်တာကတော့ စကစ နဲ့ စကစ ဒေါက်တိုင်တွေကိုဖောက်ခွဲတိုက်ခိုက်နေမှာပါပဲ။ ပြည်သူတွေကိုပြောချင်တာက အားတင်းထားကြပါ။ ကျန်တော်တို့လည်း ရရင်ရသလိုလှုပ်ရှားနေပါတယ်။ တက်နိုင်နဲ့ဘက်ကနေပါဝင်ပြီး ခွေးမောင်းပေးကြပါလို့ ပြောချင်ပါတယ်”ဟု HRD မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးထားသည်။
