လောင်းလုံမြို့၊ ကျော်နီမော်ရွာအသွားလမ်းတွင်ပျူစောထီးခေါင်းဆောင်အမျိုးသမီးနှင့် ပျူစောထီး ၃ဦးကို နိုဝင်ဘာ ၂၃ရက် သုတ်သင်ခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့( ပ.က.ဖ) -LLPDFမှတာဝန်ရှိသူက ပြောသည်။
အဆိုပါပျူစောထီးခေါင်းဆောင် ဒေါ်ဝင်းခိုင်ကျော်သည် ရေတပ်ဗိုလ်ကြီး၏ မိခင်ဖြစ်ပြီး ပြည်သူများကို ဥပမဲ့သတ်ဖြတ်နေသည့် စွန်ရဲအဖွဲ့နှင့်လည်းပတ်သတ်သူဖြစ်သည်ဟု LLPDFတာဝန်ရှိသူကပြောသည်။
“ဟုတ်ပါတယ်။ ပျူစောထီးခေါင်းကြီးပါသူ့သားက ရေတပ်ထဲက ဗိုလ်ကြီးတစ်ဦး ဖြစ်ပါတယ်။စစ်ကောင်စီမော်တော်ဘုတ်တွေနဲ့တစ်ခါတစ်လေထားဝယ်-ကျောက်နီမော် ရေလမ်းမှာ အသုံးပြု သွားလာနေသူပါ။စွန်ရဲ နဲ့ ပျူစောထီးတွေက ကျောက်နီမော် ကျေးရွာမှာ အတူတူ နေကြတာပါ။”ဟု LLPDFက တာဝန်ရှိသူက ပြောသည်။
ထို့အပြင်၎င်းသည်ကျောက်နီမော်ရွာပျူခေါင်းဆောင်ချစ်စမ်းမောင် ကိုရေကြောင်းလမ်းမှ မူးယစ်ဆေး ဝါးများနှင့် အရက်၊ဘီယာဖာများကို သယ်ယူပို့ပေးနေသူဖြစ်သည်ဟုလည်းဆိုသည်။စစ်ကာင်စီတပ်များကိုရေကြောင်းလမ်းမှ လမ်းပြပို့ပေးပြီး ရဲစခန်းမှာ နေထိုင်လေ့ရှိသူလည်းဖြစ်သည်ဟု၎င်းကဆက်ပြောသည်။
ထိုပျူစောထီးအဖွဲ့ကို လှေပေါ်တွင်သုတ်သင်ပြီးနောက်စွန်ရဲအဖွဲ့က လုယက်ထားသည့်ပစ္စည်းများကိုလည်းသိမ်းဆည်းရမိကြောင်းLLPDFကအသိပေးသည်။
သိမ်းစည်းရမိသည့်ပစ္စည်းများမှာရွှေဆွဲကြိုး(၂) ကုံး၊ ပလက်တီနမ်ကြိုး (၃)ခု၊လက်စွပ်(၈)ကွင်း၊နားကပ်(၂)စုံ ၊လက်ကောက်(၂) ကွင်း၊ ငွေကျပ်(၃,၁၃၈,၀၀၀)၊ စကားပြောစက်(၁)လုံး၊ဓားရှည်/အတို(၃)လက်၊ပိုက်ဆံအိတ်(၁)လုံး ၊ဖုန်းကတ်(၅)ခု၊ မမ်မိုရီ(၂)ကတ်၊ အားသွင်းကြိုး(၂)စုံ ၊ဧည့်စာရင်းစာရွက် (၂)ခုတို့ဖြစ်ကြောင်း လောင်းလုံPDF အဖွဲ့က ထုတ်ပြန်သည်။
