Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အမျိုးသမီးနှင့်မိန်းကလေးငယ် ၃၀၀ကျော် အသက်ဆုံးရှုံးခဲ့ရ

စစ်ကောင်စီတပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်ခံခဲ့ရသော အမျိုးသမီးအရေ အတွက်မှာ ယခုထက် လွန်စွာများပြားပြီး၊ တိကျသည့် အရေအတွက်အတိုင်းအတာကို မသိနိုင်ဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အမျိုးသမီးနှင့်မိန်းကလေးငယ် ၃၀၀ကျော် အသက်ဆုံးရှုံးခဲ့ရ
စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အမျိုးသမီးနှင့်မိန်းကလေးငယ် ၃၀၀ကျော် အသက်ဆုံးရှုံးခဲ့ရ

စစ်အာဏာရှင်ဆန့်ကျင်းရေးလှုပ်ရှားမှုကြောင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်သတ်ဖြတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများကျူးလွန်ခဲ့

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက် အမျိုးသမီးနှင့် မိန်းကလေးငယ် ၃၀၀ ကျော် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ(FEM)က ယနေ့ နိုဝင်ဘာ ၂၅ရက်တွင် အသိပေးထုတ်ပြန်သည်။

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့”တွင် အာဏာသိမ်းမှုကြောင့် အသံတိတ်အောင် နှုတ်ပိတ်သတ်ဖြတ်ခံခဲ့ရသော အမျိုးသမီးနှင့် မိန်းကလေးငယ် အယောက် ၃၀၀ကျော်အား အောက်မေ့သတိရ မှတ်တမ်းတင်ကြောင်း FEMက ဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကိုခံရသော အမျိုးသမီးများတွင် ကျောင်းသူများ၊၊ ဆန္ဒပြသူများ၊ ဆရာမများ၊ သူနာပြုများ၊ ပြည်သူ့ဝန်ထမ်းများ၊ သီလရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဈေးဆိုင်အလုပ်သမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ခုခံတော်လှန်ရေးသမားများ ၊ အလုပ်သမားများစသဖြင့် အမျိုးမျိုးပါဝင်ကြောင်း အသိပေးထားသည်။

အသတ်ခံရသူ ၅၈ ဦးမှာ ကလေးငယ်များဖြစ်ကာ အသက် (၁၂) နှစ်အောက် မိန်းကလေး အယောက် ၃၀ အသတ်ခံခဲ့ရပြီး ၎င်းတို့အနက်မှ အနည်းဆုံး ၁၂ဦးသည် အသက်ရှင်စဉ် ကျောင်းပင်မနေဖူးသေးသည့် ကလေးငယ်များ ဖြစ်ကြောင်း ဖော်ပြသည်။

အသက် (၂ ) နှစ်ရှိ ရွှေယွန်းအိမ်သည် စစ်ကော်စီတပ်ဖမ်းထားသည့် မိခင်နှင့်အတူ ထောင်အတွင်းရှိနေရစဉ် ဆေးကုသခွင့် ငြင်ပယ်ခံခဲ့ရပြီး ယခုနှစ် ဖေဖော်ဝါရီလက ရခိုင်ပြည်နယ်ရှိ ထောင်တစ်ခု၌ သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါသေဆုံးမှုအားလုံးသည် တစ်ခုမျှ “မတော်တဆ” မဟုတ်ဘဲ စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ သေဆုံးစေမှု သို့မဟုတ် အလွန်အမင်းလစ်လျူရှုမှုကြောင့်သာ ဖြစ်ကြောင်း FEMက ဆိုသည်။

အများအပြားသည် ဆန္ဒပြမှုများနှင့် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ၄င်းတို့၏ သဘောထားများကို ပုံစံအမျိုးမျိုးဖြင့်ထုတ်ဖော်ပြီး စစ်အာဏာရှင်အား ခုခံအံတုစဉ် ယင်းတို့၏ ရဲရင့်သည့် သူရဲကောင်းဆန်သော လုပ်ရပ်များကြောင့် အသတ်ဖြတ်ခံခဲ့ရကြောင်း ဖော်ပြသည်။

လူဦးရေ ၁၁၁ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး၊ ၎င်းတို့အနက် အများစုသည် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြစဉ်နှင့် အခြားဆန္ဒထုတ်ဖော်သူများကို ကာကွယ်စောင့်ရှောက်ပေးနေချိန်တွင် အသတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

သပိတ်မှောက်သူနာပြုဆရာမ ဒေါ်ဇာလီနိုင်နှင့် သပိတ်မှောက်ဆရာမ ဒေါ်ခင်နှင်းဝေတို့ကို စစ်ကောင်စီတပ်က ယခုနှစ်ဇွန်လတွင် မကွေးတိုင်းတွင် ဖမ်းဆီးကာ သတ်ဖြတ်မီးရှို့ခဲ့ကြောင်း၊ သူနာပြုဆရာမ သဉ္ဇာဟိန်းသည် ၂၀၂၁ မတ်လက စစ်ကိုင်းရှိ ဆန္ဒပြပွဲ၌ ဒဏ်ရာရရှိသူများအား ကူညီနေစဉ်ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဖော်ပြထားသည်။

အနည်းဆုံး အယောက် (၄၀)သည် စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး အယောက် (၂၀)မှာမူ အရှင်လတ်လတ် မီးရှို့ခံခဲ့ရကြောင်း FEMက ဆိုသည်။

ဖြစ်ရပ်များစွာတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် ၎င်းတို့၏ အမျိုးသမီးဖြစ်မှုကို ပစ်မှတ်ထားသည့် ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှုဖြစ်ကြောင်း၊ အနည်းဆုံး အမျိုးသမီးနှင့် မိန်းကလေး (၁၇) ဦးထက်မနည်း အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်သည်။

အသက် (၁၄) နှစ်အရွယ် မမိုးမိုးထွေးသည် မကွေးတိုင်းတွင်၂၀၂၂ ဧပြီအတွင်းက စစ်ကောင်စီတပ်၏ အဓမ္မပြုကျင့်ပြီး အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အကြမ်းမဖက်အာဏာဖီဆန်မှု(CDM) ပြုလုပ်နေသာပြည်သူ့ဝန်ထမ်း မထက်နေခြည်မင်းသည် ၂၀၂၂ ဖေဖော်ဝါရီလတွင် စစ်ကိုင်းအတွင်း အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရကြောင်း FEMက ဆိုသည်။

စစ်ကောင်စီတပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်ခံခဲ့ရသော အမျိုးသမီးအရေ အတွက်မှာ ယခုထက် လွန်စွာများပြားပြီး၊ တိကျသည့် အရေအတွက်အတိုင်းအတာကို မသိနိုင်ဟုလည်း ဖော်ပြထားသည်။

You May Also Like

သတင်း

ယမန်နေ့(နိုဝင်ဘာ ၂၄ရက်)က တိုက်ခိုက်မှုကို ပုလောမြို့နယ်ရှိ နန်းတောင်ရွာတံတားအနီးတွင်ပြုလုပ်ခဲ့ပြီး နေ့လယ် ၁နာရီမှ ၂နာရီအထိ ၁နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ကုန်းသားကျေးရွာ၌ ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲ နှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲအတွက် လုံခြုံရေးယူပေးနေသည့် SSPPတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၂၅ရက် နံနက်ပိုင်း၌ ၁နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

မူးကြီးကျေးရွာသည် နေအိမ် ၄၀၀ ဝန်းကျင်ရှိပြီး ခန့်မှန်းခြေ နေအိမ် ၁၅၀ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ အဘွားအိုတစ်ဦးမှာ ထွက်မပြေးနိုင်၍ မီး​လောင်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

နိုဝင်ဘာလ(၂၄)ရက်တွင် ပုလောမြို့နယ် နန်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းငယ်တစ်ခုအား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်မှုခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ(စိုးရိမ်ရ)ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။