ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေး-မူဆယ် ပြည်ထောင်စုလမ်းပေါ်ရှိ သီပေါလမ်းပိုင်းအနီးတွင်စစ်ကောင်စီတပ်နှင့် SSPP/SSA တို့ကြားယနေ့ တိုက်ပွဲဖြစ်ပွားသည်။
ပြည်ထောင်စုလမ်း သီပေါနှင့်လားရှိုးကြားရှိ မုန်းလမ်းရွာအနီးတွင် ယနေ့(နိုဝင်ဘာလ ၂၅ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ တပ်စွဲထားတဲ့နေရာကိုစစ်တပ်ကဝင်လာပြီး စစ်ကြောင်းထိုးတာ။ တိုက်ပွဲဖြစ်နေတာဟုတ်ပါတယ်။ အထိအခိုက်သတင်းတွေတော့ မသိရသေးပါဘူးခမျ” ဟု SSPP ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုး စိုင်းဘုန်းဟန်ကပြောသည်။
မုန်းလမ်းရွာသည် သီပေါမြို့နှင့် ၁၁ မိုင်ခန့်အကွာတွင်တည်ရှိသည်။ ပြည်ထောင်စုလမ်းမနှင့် သုံးမိုင်ခန့်ဝေးသောနေရာတွင် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။နေ့လည် ၁၂နာရီအထိ သေနတ်သံများကြားနေရ၍ ခရီးသွားပြည်သူများသတိဖြင့် သွားလာကြရန် ဒေသခံများက ပြောသည်။
