မကွေးတိုင်း၊ ပခုက္ကူမြို့မှာ လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ပြုတဲ့အချိန်ကို ကန့်သတ်လိုက်ပါတယ်။
ပခုက္ကူမြို့မှာ မနက် ၈ နာရီကနေ ည ၆ နာရီအထိသာ ဆိုင်ကယ်စီးခွင့်ရမှာဖြစ်ပြီး ဆိုင်ကယ်တစ်စီးကို တစ်ဦးသာ စီးရမယ်လို့ စစ်ကောင်စီကကန့်သတ်လိုက်တာပါ။
ဒီကန့်သတ်ချက်ဟာ မနေ့ကစတင်အသက်ဝင်ပြီလို့ စစ်အုပ်စုလိုက်လံကြေညာထားပါတယ်။
ပခုက္ကူမြို့တွင်း ဆိုင်ကယ်ကိုအသုံးပြုပြီး စစ်ရေးပစ်မှတ်တွေ မကြာခဏ တိုက်ခိုက်ခံရတာ ၊ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်အုပ်စုလိုလားသူ ပျုစောထီးတွေ သတ်ဖြတ်ခံရတာကြောင့် အခုလို ကန့်သတ်ချက်တွေစစ်ကောင်စီက ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ − ရိုက်တာ
