Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲထွေအုပ်ရုံး တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ဒေါင်းနက် – နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ နှင့် ပုလဲဂျိုကာအဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပုလဲထွေအုပ်ရုံး တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
ပုလဲထွေအုပ်ရုံး တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော စစ်အုပ်စုအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက် – နယ်စည်းမခြားပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၂၂ ရက်) နံနက် ၁၀ နာရီကျော်က ပုလဲမြို့ပေါ် ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲများအား ဒေသတွင်း PDFများပူးပေါင်းပြီး လက်နက်ကြီးများဖြင့် ထွေအုပ်ရုံးအတွင်းသို့ ပစ်ခက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးနှစ်လုံးထိမှန်သွားကြောင်း ဒေါင်းနက် – နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ ယာယီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ESCAPEက အသိပေးသည်။

ထို့အပြင် ရှေ့ထွက်မိုင်းများပါဆွဲ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၁၀မိနစ်ခန့်သာရှိသော်လည်း စစ်အုပ်စုဘက်က အကျအဆုံးရှိနိုင်ကြောင်း ရဲဘော် ESCAPEက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ရဲဘော်ချစ်ငယ် ဦးဆောင်သော ယင်းမာပင်ရိုင် တပ်ရင်း -၁၀ (ဒေါင်းနက် -နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့)နှင့် တပ်ရင်း -၈(ပုလဲဂျိုကာအဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဒေါင်းနက် – နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ နှင့် ပုလဲဂျိုကာအဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုလဲမြို့ပေါ်ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ရှိ စစ်အုပ်စုအား ဒေသတွင်းPDFများက မကြာခဏတိုက်ခိုက်လေ့ရှိသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်က ကျေးရွာများမီးရှို့ခြင်းအပြင် မိုင်းများ ထောင်ထားလေ့ရှိ၍ ပြည်သူလူထုများ လတ်တလောတွင် ကျေးရွာအတွင်း ပြန်လည်ဝင် ရောက်နိုင်ခြင်းမရှိသေးဟု ဆိုသည်။

သတင်း

ယနေ့(နိုဝင်ဘာ ၂၂ရက်)နံနက်ပိုင်းက မုံရွာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတ​ပ်နှင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ရင်း (၂၈)မှ ရဲများသည် အင်အားအများအပြားဖြင့် ရွှေတောင်ဦးကုန်းမှ မုံရွာ-ပုသိမ်လမ်းအတိုင်း မြောက်မှတောင်သို့ စစ်ကြောင်းထိုးလာခဲ့သည်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ၂၁ ရက်)က စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာရှိ ရဲစခန်းနှင့် ပြည်သူ့နေအိမ် (၅၂)လုံးအား မီးရှို့ဖျက်ဆီးသွားပြီး ယနေ့နံနက် ၈ နာရီခန့်တွင် စခန်းမှ ထွက်ခွာသွားသည်။

သတင်း

စစ်ကောင်စီတပ်များသည် ယနေ့မွန်းလွဲပိုင်းတွင် ဝက်ဖိုးကျေးရွာနှင့် မှန်ရင်းကျေးရွာကြားရှိ (ဒေသအခေါ်) ဥသျှစ်ခင်တွင်ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။