စစ်ကောင်စီလက်အောက်တွင် လုပ်ကိုင်ပြီး ပြည်သူများကို အမျိုးမျိုးနှိပ်စက်နေသည့် (၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းကို ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၇နာရီခွဲခန့်တွင် ရှင်း လင်းခဲ့သည်ဟု ဆိုသည်။
“သူက စခ တွေနဲ့ပေါင်းပြီး မျိုးစုံယုတ်မာနေတာတွေ သက်သေနဲ့တကွ တိုင်ကြားလာလို့ သွားရှင်းလိုက်တာပါ”ဟု Earthquake People’s Defence Force မှ ကိုပိန်က လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးကို အမျိုးသမီးရဲဘော်များက မြို့ထဲသို့ဝင်ရောက်
ကာ ၎င်း၏ နေအိမ်ရှေ့၌ပင် ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။ပြန်လည်ခုခံရန်ကြိုးစား၍ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ရ သည်ဟု ဆိုသည်။
ရဲမေများ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး သက် ဆိုင်ရာစခန်းများသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာကြောင်း Earthquake People’s Defence Forceက အသိပေးသည်။
စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးနှုတ်ထွက်ရန် အကြိမ်ကြိမ်စာထုတ်ပြန်ခဲ့သော်လည်း လိုက် နာခြင်းမရှိသဖြင့် ရှေ့ဆက်အရေးယူရမည့်သူ များ ကျန်ရှိနေကြောင်းလည်း သတိပေးသည်။
ယခုလ ၁၈ ရက်ကလည်း ပခုက္ကူမြို့နယ် အမှတ် (၁၁)ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်မှ အငြိမ်းစားအရာရှိတစ်ဦး ပစ်ခတ်ရှင်းလင်းခံထားရသည်။
