မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အိုင့်ဒိုင်ကျေးရွာတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၄လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။




နိုဝင်ဘာ၁၅ ရက်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်များရှိ ဧရာဝတီမြစ်ဘေး ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် မြစ်တစ်ဖက်ကမ်းရှိ မတ္တရာမြို့နယ်၊ အိုင့်ဒိုင်ကျေးရွာကိုပါ ဝင်ရောက်ဖျက် ဆီးမီးရှို့ခဲ့ရာ နေအိမ်၂၄လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မီးအရှို့မခံရတဲ့ အိမ်တွေကျတော့လည်း ပစ္စည်းတွေ မွှေနှောက်ခိုးယူဖျက်ဆီးသွားတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။
အိုင့်ဒိုင်ကျေးရွာရှိ အိမ်မီးရှို့ခံရသော ပြည်သူများမှာ အကူအညီများလိုအပ်လျက်ရှိနေကြောင်း၊ ပြည်သူများအတွက် လှူဒါန်းလိုပါက မင်းကွန်း တိုက်နယ် – သတင်းမှန်ပြန်ကြားရေး page messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။



ထို့အပြင် မတ္တရာမြို့နယ်နှင့် ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာနှင့် မြစ်ဘေးကျေးရွာများသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်ဖမ်းဆီးမှုများ မကြာခဏ ကြုံတွေ့နေရသည်။
