စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှထွက်လာသော စစ်အုပ်စုကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၀ ရက်) ည ၇နာရီခန့်က ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦးအား ကျောက်ရစ်နှင့် သရက်သာရွာကြားတွင် ပဒေသာမိုင်း(၂)လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်တောက်ထွန်းက ပြောသည်။
“အဲဒီစစ်ကြောင်းက ရက်ခြား ညမှာစစ်ကြောင်းထိုးတယ်။ အရင်က ွေးတွေက ကင်းကို သုံးလေးခါလောက်ဖြုတ်ဖြုတ်သွားတာ။ ဒီတစ်ခါကျ အဲဒီနားမှာပဲ ကင်းယူပြီးစောင့်တာ။ အရှေ့ကင်းပုန်းဝပ်ရင်း လာဖြုတ်ရင်းနေမှာပေါ့။ အဲဒီအချိန် သူတို့အနားမှာရောက်တဲ့အချိန် ခွဲလိုက်တာ။”ဟု ဗိုလ်တောက်ထွန်းက ပြောသည်။
ထို့အပြင် ထိခိုက်သူများအား ကျောက်ရစ်ရွာ၌ ကုသရန်အဆင်မပြေ၍ ညတွင်းချင်း စစ်ကြောင်းထိုးပြီး ချင်းတွင်းမြစ်ကြောင်းဘေး ကျောက်တန်းကျေးရွာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြောင်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-MBTT
