မန္တလေး ပုသိမ်ကြီးမြို့နယ် ထဲက ရေထွက်ကျေးရွာ ရဲ့ ရာအိမ်မှူးဖြစ်သူ စစ်မှုထမ်းဟောင်း ဦးမြင့်ဆွေဟာ မနေ့ကညနေပိုင်းမှာ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပါတယ်။
ဆိုင်ကယ်ပြင်နေချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
ပုသိမ်ကြီး ပ.က.ဖ နဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သေဆုံးသွားတဲ့ ရာအိမ်မှူးဟာ စစ်မှုထမ်းဟောင်းဖြစ်ပြီး စစ်ကောင်စီကိုသတင်းပေးလို့ ရှင်းလင်းရတာလို့ဆိုထားပါတယ်။
ရာအိမ်မှူးဦးမြင့်ဆွေကို ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက အနီးကပ်ပစ်ခတ်သွားတာလို့ စစ်အုပ်စု ဘက်က သတင်းထုတ်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မန္တလေးမှာ စစ်ကောင်စီ သင်တန်းပေးတဲ့ ပျုစောထီး သင်တန်းဆင်း ဆိုသူနဲ့ သတင်းပေး အမျိုးသား ဆိုသူ ၂ ဦး ပစ်ခတ်ရှင်းလင်းခံလိုက်ရပါသေးတယ်။
