ဖားကန့်တွင်ယနေ့နံနက်အစောပိုင်းကSKY KTVတွင် အရပ်ဝတ်ဖြင့် သီချင်းဆိုနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့ကယနေ့ နံနက် ၇ နာရီခန့်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီးနှစ်ဦးအပါအဝင် ငါးဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရသွားသည်။
“KTVအခန်းထဲကိုလက်ပစ်ဗုံးပစ်သွင်းပြီးတိုက်တာ။ပြီးတော့ ဝင်ပစ်တာ။အခန်းထဲမှာရှစ်ယောက်ရှိတယ်။ဗိုလ်ကြီးနှစ်ယောက်နဲ့ တပ်သားသုံးယောက်သေတယ်။ သုံးယောက်က အရေးပေါ်ရောက်သွားပြီ” ဟု ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက People’s Spring သို့ပြောသည်။
အထက်ပါ ဖြသ်ရပ်သည် ဖားကန့်မြို့၊ မှော်ဆီဇာကျေးရွာရှိ Sky KTV တွင် ယနေ့(နိုဝင်ဘာလ ၁၉ရက်)နံနက် ၇ နာရီခန့်ကဖြစ်ခဲ့သည်။
” စစ်ခွေးတွေက မနက်လင်းတဲ့အထိမပြန်သေးဘဲသောင်းကျန်းနေတာ။ဖားကန့်ကိုပေါ့တွက်တာ။ဒီပွဲကတော့မြိန်တယ်။အကောင်ကြီးတွေပါသေလို့ကျေနပ်တယ်”ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။
ယနေ့နေ့လည် ၂ နာရီတွင် ထပ်မံသိရသော သတင်းအရ ဒဏ်ရာရ သုံးဦးအနက် နှစ်ဦးထပ်မံသေဆုံးသွားသည်ဟု သတင်းရရှိသည်။
“နှစ်ကောင်ထပ်သေတယ်ကြားတယ်။ အတည်တော့မပြုနိုင်သေးဘူး” ဟုစစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားနေသော ဖားကန့်မြို့ခံတစ်ဦးကပြောသည်။
တိုက်ခိုက်ခံရပြီးနောက် SKY KTV နှင့် မလှမ်းမကမ်းရှိ ဒေသအခေါ် ဖြူစင်တောင်တွင်နေထိုင်သူလူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။
