မန္တလေးမြို့ ၊စိန်ပန်းရပ် ၊ သံလျှက်မှော် အနောက်ခြမ်း မင်းကုန်းရပ် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဟာ ဒီနေ့မနက်ပိုင်းက ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပါတယ်။
ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီသင်တန်းပေးတဲ့ ပျုစောထီးသင်တန်းဆင်းထားသူဖြစ်တယ်လို့ သိရပြီး သေနတ်နဲ့ နှစ်ချက် ပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။
အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဟာ အခင်းဖြစ်တဲ့နေရာနားက မြဧရာ လက်ဖက်ရည်ဆိုင်မှာရှိတဲ့ လူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
အခင်းဖြစ်တဲ့နေရာတဝိုက်ကို စစ်ကောင်စီတပ်က လမ်းပိတ်ထားပြီး လက်ဖက်ရည်ဆိုင်က သူတွေကို ဖမ်းဆီးထားဆဲလို့သိရပါတယ်။
