စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ မိုင်းရှင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People’s Defence Force (အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာ)၏ တာဝန်ခံက ပြောသည်။
ယနေ့(နိုဝင်ဘာ ၁၉ရက်)နံနက်၉နာရီမှ ၉နာရီခွဲကြားတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ-န.မ.ခ)မှ မုံရွာ-ချောင်းဦး လမ်းပိုင်းသို့ မိုင်းရှင်းလင်းရေး လုပ်ရန်လာသောစစ်ကောင်စီစစ်ကြောင်းအား မင်းရွာကျေးရွာအရောက်တွင် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People’s Defence Force အဖွဲ့တာဝန်ခံက ပြောသည်။
“စစ်ကိုင်းက ွေးကား၁၀စင်း လာမယ်ပြောတယ်။အဲ့အတွက်မိုင်းရှင်းတာဖြစ်မှာ။ အင်အားကတော့ ခြေလျင်စုစုပေါင်းက၃၀ကျော်လောက်နဲ့ သံပြားကာ ကားနှစ်စီး စုစုပေါင်း အင်အားက၅၀ ကျော်၆၀ အနည်းဆုံးရှိမယ်ဗျ။”ဟု Monywa Peregrine People’s Defence Force အဖွဲ့တာဝန်ခံက ပြောသည်။
တိုက်ခိုက်မှုကြောင့် မိုင်းရှင်းလာသော စစ်ကောင်စီတပ်သားများ ထိခိုက်မှုအများပြားရှိခဲ့ပြီး လူနာတင်ကား သုံးစီးဖြင့် ထိခိုက်ဒဏ်ရာရသူ များအား လာရောက်သယ်ဆောင်သွားသည်ဟုဆိုသည်။
အဆိုပါ စစ်ဆင်ရေးအား Monywa Peregrine PDF၊ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ GenerationZ People’s Defence Forces Monywa၊ လင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Genration Z People Defence Force၊ မုံရွာခရိုင်တပ်ရင်း-၁ MPDF ပ.က.ဖအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
မုံရွာ-မန္တလေးလမ်းပိုင်းနှင့် မုံရွာ-ချောင်းဦး-ပခုက္ကူလမ်းပိုင်းများအား ယနေ့နံနက်ပိုင်းကစတင်ကာ သွားလာခြင်းမပြုရန် ဒေသတွင်း PDFများက သတိပေးထားသည်။
