မနေ့က လွှတ်ပေးတဲ့ စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ မန္တလေးတိုင်းအတွင်း က အကျဉ်းထောင်တွေကနေ လွတ်မြောက်လာသူတွေထဲ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေမပါဝင်ပါဘူး။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရတော့ မန္တလေးတိုင်းအတွင်း အိုးဘိုထောင် ၊မြင်းခြံထောင် ၊ မိတ္ထီလာထောင် ၊ညောင်ဦးထောင် ၊ရမည်းသင်းထောင်၊နေပြည်တော်အချုပ်ထောင်တွေက အကျဉ်းသား စုစုပေါင်း ၉၈၈ ဦးလွှတ်ပေးတယ်လို့သိရပါတယ်။
ဒါပေမယ့် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ လွတ်လာတာမတွေ့ရပါဘူး။
လွတ်မြောက်လာသူတွေထဲ နိုင်ကျဉ် ဦးရေဟာအနည်းငယ်သာပါဝင်ပါတယ်။
လွတ်လာတဲ့နိုင်ကျဉ်းတွေဟာဆိုရင်လည်း လွတ်ရက်စေ့ဖို့ လပိုင်းသာလိုတော့တဲ့သူတွေဖြစ်တယ်လို့စုံစမ်းသိရပါတယ်။
