အရည်အသွေးစွမ်းဆောင်ရည်နှင့်အထူးစစ်ဆင်ရေးများပါဝင်သည့် လေ့ကျင့်ရေးသင်တန်း တတိယအသုတ်ကိုယနေ့(နိုဝင်ဘာ ၁၇ ရက်) ပြီးဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ထုတ်ပြန်သည်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၏ အပတ်စဉ် (C) အထူးမွမ်းမံ သင်တန်းတွင် ရဲဘော်များ စွမ်းဆောင်ရည် ပိုမို မြင့်မားစေရန် နှင့် စည်းလုံး ညီညွတ်မူရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဟု အသိပေးသည်။

ကရင်နီဝောာ်လှန်ရေးတပ်ပေါင်းစု သည် စစ်ကောင်စီတပ်ကို ပိုမိုထိရောက်စွာတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ကြေညာသည်။
“သင်တန်းကာလမှာ တိုက်ပွဲ အတွေ့အကြုံရှိပြီးသားရဲဘော်တွေ ပါတယ်။အဓိကတော့ မြို့ပြတိုက်ပွဲတွေဒီထက်ဗျူဟာကျကျ ဘယ်လိုဖော်ဆောင်မလဲ ဆိုတာတွေလည်း ပါတယ်။ရက် ပေါင်း ၂၀ အတွင်းမှာ သင်တန်းသားရဲဘော် ၈၀ ကျော် တက်ရောက်ပြီးအောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့တယ်”ဟု KRU တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။

ထို့အပြင် သင်တန်းအတွင်း အဘက်ဘက်မှ ထောက်ပံ့ ကူညီပေးကြသောပြည်သူများအားကျေးဇူးအထူးတင်ရှိပြီး အရေးတော်ပုံ အောင်သည် ထိ ပြည်သူများနှင့် အတူ တိုက်ပွဲ ဝင်သွားမည်ဟု KRU က ကတိပြုသည်။

ကရင်နီဒေသအတွင်း တော်လှန်ရေးအင်အားစု များအနက် KRU သည် စစ်ကောင်စီကို ခုခံတိုက်ခိုက်လျှက်ရှိသော ဒေသခံတပ်ပေါင်းစု ဖြစ်သည်။
KRU ကို ယခုနှစ် လေးလပိုင်းက စတင်ဖွဲ့စည်း ခဲ့ပြီး KDF ၊ JPDF ၊ GZ-21 loikaw ၊ Medic unit နှင့် SSPDF စသည့် အဖွဲ့များ ပါဝင်သည်။
