စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မံထုံရွာစာသင် ကျောင်းကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြသည်။
ဗန်းမောက်မြို့ မြောက်ဘက် မံထုံရွာစာသင် ကျောင်းကို နိုဝင်ဘာ ၁၆ရက် ည ၁၀နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချသွားခြင်းဖြစ်သည်ဟု ဆိုသည်။




အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရသည် ဟု ဖော်ပြသည်။
ထိခိုက်ပျက်စီးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ် ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ရက်ကလည်း ဗန်းမောက်မြို့နယ် ကြောင်လည်ရွာ ဆေးရုံ ၊ဝန်ထမ်းအိမ်ယာနှင့် ခန်းမတို့အား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ တစ်ဦး အသက်ဆုံးရှုံးခဲ့သည်။
အဆိုပါဖြစ်စဉ်မတိုင်မီ အောက်တိုဘာ ၂၀ရက် တွင် လည်း ဗန်းမောက်နယ် မန်ယူးကြီးရွာကို ဆေးပေးခန်းအား စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
