စစ်တပ်အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီးထောင်ချထားတဲ့သူ အချို့ကို မနက်ဖြန် ( နိုဝင်ဘာ ၁၇ ) လွှတ်ပေးမယ်လို့ စစ်ကောင်စီက ဒီနေ့ညပိုင်းမှာကြေညာလာပါတယ်။
ဒီလို လွှတ်ပေးတာဟာ မနက်ဖြန်မှာ ကျရောက်မယ့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြစ်တယ်လို့ လည်းစစ်ကောင်စီက ဆိုပါတယ်။
မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးထားတဲ့ အနုပညာရှင်နဲ့ ပြစ်ဒဏ်ကျခံနေရသူအချို့ကိုလွှတ်ပေးမယ်လို့စစ်ကောင်စီရဲ့ည ၈ နာရီသတင်းမှာ ကြေညာသွားတာပါ။
