အမေရိကန် ဒုသမ္မတ ကမလာဟဲရစ် ရဲ့အရှေ့တောင်အာရှခရီးစဉ်အတွင်း မြန်မာ့အရေးအတွက် ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
ကန်ဒုသမ္မတဟာ ထိုင်းနိုင်ငံမှာ နိုဝင်ဘာလ ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျင်းပမယ့် အာရှ – ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေး ( APEC) တက်ရောက်မှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကာလအတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဖို့ရှိပြီး မြန်မာ့အရေးထည့်သွင်းဆွေးနွေးမယ်လို့ အိမ်ဖြူတော်ဘက်က ထုတ်ပြန်တာတွေ့ရပါတယ်။
ဒါပေမယ့် ဆွေးနွေးမယ့်အကြောင်းအရာအသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။
ထိုင်းနိုင်ငံမှာ APEC အစည်းအဝေးအပြီး ကန်ဒုသမ္မတဟာ ဖိလစ်ပိုင်နိုင်ငံကိုဆက်လက်ထွက်ခွာမယ်လို့သိရပါတယ်။
ဓာတ်ပုံ − AFP
