မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်ဖြစ်သော တမူး-မိုးရေးနယ်စပ်ကုန်သွယ်စခန်းကို နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး သုံးလပိတ်သိမ်းကြောင်း အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်အစိုးရက ထုတ်ပြန်သည်။
စိုးရိမ်စရာကောင်းလှသည့် မြန်မာနိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံသားများ အိန္ဒိယနိုင်ငံတွင်တိုးလာခြင်းကြောင့် ယခုလို နယ်စပ်ဂိတ်ကို ပိတ်သိမ်းရခြင်းဖြစ်သည်ဟု မဏိပူရပြည်နယ်အစိုးရကဆိုသည်။
နယ်စပ်ဂိတ်ပိတ်သိမ်းလိုက်ခြင်းကြောင့်ကုန်သွယ်ရေထိခိုက်ပြီး ကုန်ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်ကြောင်းဒေသခံများကပြောသည်။
“အိန္ဒိယဘက်က လူသုံးကုန်တွေကို တမူးဘက်က အဓိကပို့နေတာပါ။ သူတို့ပိတ်ရင် သူတို့ဘက်မှ ကုန်ဈေးနှုန်းတက်လာပါလိမ့်မယ်”ဟု တမူးမြို့တစ်ဦးကပြောသည်။
အလားတူ အိန္ဒိယဘက်မှ တင်သွင်းသောသွင်းကုန်များလည်းဈေးတက်လာနိုင်သည်ဟု၎င်းကဆက်ပြောသည်။အိန္ဒိယသို့ နယ်စပ်မှ တင်ပို့သော ကုန်စည်များဈေးကျလာနိုင်ကြောင်းလည်း၎င်းကဆက်ပြောသည်။
တမူး နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်နှစ်စဉ်ကုန်သွယ်နေ့သည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။
