အင်းစိန်ထောင် ပါဆယ်လက်ခံရာနေရာ ဖောက်ခွဲခဲ့တဲ့သူ ၂ ဦးကို ဖမ်းမိပြီလို့ စစ်ကောင်စီက ဒီနေ့ညပိုင်းမှာသတင်းထုတ်လာပါတယ်။
ဖောက်ခွဲမှုမှာ ၄ ဦးပါဝင်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖမ်းခံထားရသူ ၂ ဦးဟာ ဇနီးမောင်နှံ၂ ဦးဖြစ်တာကိုတွေ့ရပါတယ်။
အမျိုးသားဟာ CDM မီးရထားဝန်ထမ်းဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့ Special Task Agency of Burma (STA) ရဲ့ အဖွဲ့ဝင်ဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
အမျိုးသမီးကတော့ အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုကို ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့သူဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့ ၂ ဦးကို အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပြီး ၆ ရက်အကြာ အရှေ့ဒဂုံမြို့နယ် အတွင်းဖမ်းမိခဲ့တာပါ။
